လွန်ခဲ့တဲ့ နှစ် (၇၀) ကျော်က မြန်မာ့ကျေးဇူးကို မမေ့တဲ့ ကိုရီးယားနိုင်ငံ

၁၉၅၀ ဝန်းကျင်မှာ ကိုရီးယားနိုင်ငံဟာ ပြည်တွင်းစစ် အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲ စတင်ကာစကတော့ ကွန်မြူနစ်တပ်ဖွဲ့တွေနဲ့ သမ္မတနိုင်ငံ တပ်ဖွဲ့တွေ အချင်းချင်း တိုက်ခိုက်ကြတာ ဖြစ်ပေမယ့် စစ်ပွဲကြာလာတော့ မြောက်ကိုရီးယားကို တရုတ်က ဝင်ရောက်ကူညီခဲ့ပြီး တောင်ကိုရီးယားကို အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဝင်ရောက်ကူညီခဲ့ကြလို့ တတိယကမ္ဘာစစ် အသေးစားလို့တောင် တင်စားခဲ့ကြပါတယ်။

ကိုရီးယားစစ်ပွဲကာလအတွင်း ကိုရီးယား တနိုင်ငံလုံးနီးပါး စစ်မြေပြင်ဖြစ်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံဟာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပြီး အာရှရဲ့ ထိပ်သီးနိုင်ငံ အဖြစ်ရပ်တည်နေတဲ့ အချိန် ဖြစ်ပါတယ်။ ကိုရီးယား စစ်ပွဲကြောင့် ထိခိုက်ဆုံးရှုံးမှုများကို ဂရုဏာ ထားတဲ့အနေနဲ့ မြန်မာနိုင်ငံက ဆန်တန်ချိန် အများအပြား လှူဒါန်းခဲ့ဖူးတယ်လို့ သိရပါတယ်။

ယနေ့အချိန်ကာလမှာတော့ အနေအထားက ပြောင်းပြန် ဖြစ်သွားခဲ့ပါပြီ။ ကိုရီးယားနိုင်ငံဟာ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အကောင်းဆုံး ဖြစ်လာပြီး ချမ်းသာတဲ့ နိုင်ငံတနိုင်ငံ အဖြစ်သို့ ရောက်ရှိနေပါပြီ။ မြန်မာနိုင်ငံကတော့ ပြသာနာ တွေနဲ့ပဲ လုံးထွေး ရစ်ပတ်နေဆဲဖြစ်ပြီး ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်လျက် ရှိနေပါတယ်။ ဒါပေမယ့် ကိုရီးယား နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် (၇၀) ကျော်က မြန်မာ့ကျေးဇူးကို ယနေ့အချိန်ထိ မမေ့သေးဘဲ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် တဖက်တလမ်းက ကူညီဆောင်ရွက်ပေးဖို့ ကတိကဝတ်တွေ၊ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ကျေးဇူး ရှိခဲ့သူကို ကျေးဇူးဆပ်ခြင်းဟာ မင်္ဂလာတပါး ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ရှေ့ အနာဂတ်ဟာ ကောင်းမွန်လာနိုင်ပါပြီလို့ မျှော်လင့်ရင်းနဲ့ ကိုရီးယား သမ္မတ မစ္စတာ မွန်ဂျေအင်းရဲ့ သဝဏ်လွှာကို ဖော်ပြလိုက်ရပါတယ် ခင်ဗျာ-

“လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကိုရီးယားစစ်ပွဲ ဖြစ်ပွားစဉ်အခါက မြန်မာနိုင်ငံမှ ဆန် လှူဒါန်းပံ့ ပိုးပေးခဲ့မှုမှာ ထိုစဉ်က ကိုရီးယားနိုင်ငံသားများအတွက် ကြီးမားသည့် အထောက် အပံ့ကို ဖြစ်စေခဲ့ပါ ကြောင်း၊ ကိုရီးယားပြည်သူများအနေဖြင့် အဆိုပါကျေးဇူးတရားကို ယနေ့တိုင် အမှတ်ရနေဆဲဖြစ်ပါ ကြောင်း။ အဆွေတော် သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့၏ ဦးဆောင်မှု အောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍ တိုးတက်မှုမှာ ၆ ရာခိုင်နှုန်းကျော်ဖြင့် လျန်မြန်စွာ တိုးတက်မှုရှိခဲ့ပြီး ဖြစ်ရာ ယခုထက်ပိုမိုသည့် အံ့မခန်းဖွယ်ရာ တိုးတက်မှုများ ရရှိရန် မျှော်လင့်ပါကြောင်းနှင့် ကိုရီးယား နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှု လုပ်ငန်းစဉ်များတွင် အမြဲအတူရှိမည်ဟု ကတိပြုပါကြောင်း။

နှစ်နိုင်ငံ အကြား စိုက်ပျိုးရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အခြေခံအဆောက်အဦ တည်ဆောက်ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် လာစေရန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

လာမည့် နိုဝင်ဘာလ အတွင်း ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပမည့် ကိုရီးယား- အာဆီယံ အထူးထိပ်သီး အစည်းအဝေးနှင့် ကိုရီးယား-မဲခေါင် ဆွေးနွေးပွဲများ မှတစ်ဆင့် မိမိတို့နှစ် နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။Credit

Leave a Reply

Your email address will not be published. Required fields are marked *