ဒေါ်အောင်ဆန်းစုကြည်ကို ဖတ်ခဲ့သောနိမိတ်များ

သာမညဆရာတော်ဘုရားက ဒကါမလေးက အဖေဗိုလ်အောင်ဆန်းထက် အသက် ၃ဆရှည်ပြီး အိုတဲ့အရွယ်မှာ သူမတူအောင် ထိပ်တန်းရောက်မဲ့ ဘုရင်မဖြစ်မဲ့ဘုန်းကံဣဒ္ဓိပါဒ်ပါတာဘဲ ဆိုပြီးမိန့်ဖူးတယ်။ ဒါကိုဦးခင်ညွန့် တို့ကအမျိုးမျိုးနာမ်နှိမ်ခဲ့တာ ကောလာဟလ သတင်းတွေထွက်ခဲ့ဖူးတယ်။

ရွှေပေါ်ကျွန်းဆရာတော်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပက်သတ်ပြီး ဘေးကတစ်ကြိုနိမိတ်မေးလျောက်ကြတော့ အေးအေးသာနေ ပူမနေနဲ့ ဘာမှမဖြစ်ဘူး။ သူ့အရှုတ်နဲ့သူရှင်းလိမ့်မယ်ဆိုပြီး မှန်တချပ်စွန့်လိုက်တယ်လို့ ကြားဖူးတယ်။

အမေလူထုဒေါ်အမာက ငါ့သမီးလေးမိစုအတွက် သူ့အဖေလို ဥပစ္ဆေဒကကံပါမပါမင်းသိင်္ခတို့ စံတင်အောင်တို့ ငါတွက်ခိုင်းထားတာ ဥပစ္ဆေဒကကံမပါဘဲ ငါ့တို့ထက်တောင်အသက်ရှည်အုံးမယ်ဆိုပြီး စာရေးဆရာကြီးအင်းဝဂုဏ်ရည်ဦးကိုလေး ဆရာတင်မိုး ဟံသာဝတီဦးဝင်းတင်တို့နှင့် ဆုံခိုက်ပြောဖူးကြောင်း ဦးကိုလေး က ၂၀၁၅ အာဇာနည်နေ့ဟောပြောပွဲမှာပြောခဲ့တယ်။

ဆရာကြီးမင်းသိင်္ခကတော့ ၁၉၉၅လောက်က ထောင်ထဲမှာ အမေစုနဲ့ပက်သတ်ပြီး ဟောစတမ်းရေးကာသူ့တပည့်တွေပေးခဲ့ဖူးတယ်။ ငါလည်းဟောပြောတွက်ချက်နေပေမဲ့အပုပ်တွေကြား အယုတ်တွေကြားဆိုတော့ ကံဇာတာတပ်အပ်ပြောမရဘူး။

ဒီတော့ ထောင်ထဲငါမသေနိုင်ပေမဲ့ မတော်တဆ ထောင်ထဲသေခဲ့ရင်မင်းတို့သိအောင်ဒီဟောစတမ်းယူသွားဆိုပြီး၂၀၁၅ ဇူလိုင်လကစဘုန်းစန်းအရှိန်ဝါထိပ်တန်းရောက်မဲ့အကြောင်း၂၀၁၂ ကနေ ၂၀၁၅ကြားကာလ ဘာသာရေးလူမျိုးရေးနဲ့ချောက်တွန်းချမဲ့အရေး ကြိုသိထားဖို့ သတိမပျက်နေဖို့ လိုကြောင်းဟောပြခဲ့တယ်။

အထက်ပါ ပုဂ္ဂိုလ်တွေဟာ သီလသမာဓိပညာ အကျင့်သိက္ခာနဲ့ ကျော်စောနေသူများအဖြစ် တနိုင်ငံလုံးက အသိအမှတ်အပြုခံရသူများကပင်လေးစားချစ်ခင်တဲ့ အမေစု အတွက် သိပ်တော့ ပူစရာမလိုပေမဲ့ဆရာကြီးမင်းသိင်္ခပြောသလို အပုပ်တွေအယုတ်တွေကြား ဆိုတော့ ဘုရားရှင်ကဲ့သို့အတုမရှိပုဂ္ဂိုလ်တောင် ဒေဝ ဒတ်လိုယုတ်မာတဲ့ရဟန်းယုတ်က လုပ်ကြံရင်းကျောက်ကွဲစ ခြေမမှန်ခဲ့ဖူးလေတော့အမေစုလည်း သာမာန်ပုထုဇဉ်အဖို့ သတိတလုံး အရှိသုံး အရှုံးမရှိဆိုသလို သတိထားဝန်းရံဖို့လို့ပါတယ်။Credit

Leave a Reply

Your email address will not be published. Required fields are marked *