ကျောင်းသားများအတွက် သိန်း(၈၅၀၀)ထိ ထောက်ပံ့ပြီးခဲ့တဲ့ ပြေတီဦးဖောင်ဒေးရှင်း

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့က အနုပညာလုပ်ငန်းတွေမှာထူးချွန်သလို စိတ်သဘောထားပြည့်ဝတဲ့ ဇနှီးမောင်နှံ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ပြေတီဦး ဖောင်ဒေးရှင်းဆိုပြီး ပညာသင်ရန် အခက်အခဲဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်စရိတ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၈) ရက်နေ့မှာတော့ ပြေတီဦးပညာရေးဖဖာင်ဒေးရှင်းရဲ့ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့လေး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပြေတီဦးပညာရေး ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူ ပြေတီဦးက သူတည်ထောင်ခဲ့တဲ့ ဖောင်ဒေးရှင်းရဲ့ (၁၀) နှစ်တာ အမှတ်တရတွေ၊ ပီတိတွေကို အခုလိုပဲ ပြောပြလာပါတယ်။ “မတည်ငွေ သိန်း ၁၀၀ နဲ့အစပြုခဲ့တဲ့ ဖောင်းဒေးရှင်းလေးဟာ အခုဆိုရင် ၁၀ နှစ်းသားပြည့်ခဲ့ပါပြီ။”

“အဆင်ပြေပါ့မလား ရေရှည်ရပ်တည်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်တေနဲ့ အစပြုခဲ့ရပေမယ့် အခုတော့ ကျွန်တော့်ရဲ့ အနုပညာညီအကိုမောင်နှမတွေ ၊ မိဘပြည်သူပရိသတ်တွေ ကျွန်တော့်ကိုပံ့ပိုးပေးခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တေ..ဖောင်ဒေးရှင်းအဖွဲ့ဝင်တွေရဲ့ ကူညီအားပေးမှုတေကြောင့် ခိုင်ခိုင်မာရပ်တည်နိုင်ပြီး ဆရာဝန် ၆၄ ယောက်.. အင်္ဂျီနီယာ ၆ ယောက် အလုပ်သင်ဆရာဝန် ၁၇ ယောက် စတဲ့ ရလာဒ်ကောင်းများကိုပိုင်ဆိုင်ပြီး မိဘပြည်သူများကို ချပြနိုင်ခဲ့ပြီဖြစ်ပါတယ်.”

“ဒါ့အပြင်လက်ရှိ ကျောင်းသား ၁၀၀ ခန့်ကိုလည်းလစဉ်ကူညီပြီး ကျောင်းထားပေးလျက်ရှိပါတယ်။ အခုအချိန်ထိ ကျောင်းသားများအတွက် သိန်း ၈၅၀၀ ကို သုံးစွဲခဲ့ပြီး အခုလက်ရှိ ကျောင်းတက်နေသော ကလေးများအတွက် လစဉ် ကျပ်သိန်း ၁၀၀ ကျော် သုံးစွဲလျက်ရှိပါတယ်။

“ဒီနေ့ပွဲလေး အောင်အောင်မြင်မြင်ကျင်းပနိုင်ရန် အခမ်းအနားသို့ မအားမလပ်သည့်ကြားမှ ချစ်ခင်မှုဖြင့် တက်ရောက်ပေးကြသော ချစ် ညီအကိုမောင်နှများ ဝိုင်းဝန်းလှူဒါန်းပေးကြပါသော အလှူ့ရှင်များအားလုံးနှင့်တကွ ဘုန်းဘုန်း ဆရာတော် ရှင်ဆေကိန္ဒကို ရှိခိုးဦးတင်လျက် ကျေးဇူးတင်ရှိပါကြောင်း..ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျာ ဆိုပြီး ကျေးဇူးတင်စကားလေး ဆိုထားပါတယ်။

ပြေတီဦးရဲံ ပညာရေးဖောင်ဒေးရှင်းကနေပြီး တိုင်းပြည်အတွက် လူတော်၊ လူရည်ချွန် (၇၇) ယောက်ကို မွေးထုတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပြေတီဦးရဲ့ ပညာရေးဖောင်ဒေးရှင်းကြီး ဒီထက်မက အဒွန့်ရှည် တည်တံ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။Credit

Leave a Reply

Your email address will not be published. Required fields are marked *