ဒီနေ့ နိုဝင်ဘာ ၄ ရက်နေ့ ၆ နာရီ ၅၇ မိနစ်အချိန်မှာပဲ မိုးလေဝသပညာရှင်
ဒေါက်တာဦးထွန်းလွင်တစ်ယောက် ကွယ်လွန်သွားခဲ့တဲ့ဟာ Facebook မှာပျံ့ နှံ့ သွားခဲ့တာကြောင့် လူအများစုရဲ့
ဝမ်းနည်းကြောင်း Status တွေလည်းအများအပြား ထွက်ပေါ်လာခဲ့တာကိုတွေ့မြင်ရမှာပါ။
ဒီအထဲမှာ နာရေးကူညီမှူအသင်းတည်ထောင်သူ သရုပ်ဆောင်အကယ်ဒမီ ဦးကျော်သူလည်း ပါဝင်လာခဲ့တာဖြစ်ပြီး
ယနေ့ည ဆရာကြီးအတွက် ဝမ်းနည်းကြေကွဲရပြန်ပြီ ဆိုတဲ့ Status လေးကို လူမှုကွန်ယက်မှာ တင်ထားခဲ့တာပါ။
တိုင်းပြည်နဲ့လူမျိုးအတွက်နောက်ဆုံးအချိန်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာကြီး ကောင်းရာသုဂတိလားပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်နော်။