ကြည့်ရှု့သူ 17သိန်းကျော်သွားပီဖြစ်တဲ့ တောသဘာဝ လှပျိုဖြူတို့ရဲ့ လုံးဝဥသုံဘုတ်ဆုံအထင်မကြီး ရုပ်သံဖိုင်

ဒီတစ်ခါလာပြန်ပီဗျာ အတွင်းကြေး သီချင်းပီးတော့ လုံးဝဥသုံ ဘုတ်ဆုံး အထင်မကြီးဘူး ဆိုတဲ့သီချင်းလေးနဲ့ ကျေးလက်တောရွာက ကောက်စိုက် သမလေးတေ ခေတ္တနား တုန်းလေး အပျင်းပြေသီဆိုက ခုန်နေကြတဲ့ ဗွီယိုဖိုင်ေ လးပါ။

တစ်ကယ်တော့ တောင်သူ လယ်သမားတေ ဘဝဟာ ခက်ခဲကြမ်းတမ်း လှပါတယ်။ ကျွန်ုပ်တို့ နေစဉ်စားသုံးနေတဲ့ ဆန်စပါးတွေကို စိုက်ပျိုးပေးနေ တာဟာ ကျေးဇူးရှင်တောင်သူ လယ်သမားတို့ သာဖြစ် ပါ တယ် ။ လူဆိုတာ တစ်ယောက်တည်း ရပ်တည် လို့ မရပါ။ ကုန်သည်ပွဲစား ပညာရှင် အလုပ်သမား လယ်သမား စသည် စသည် အပြန်အလှန်မှီခိုနေကြရတာဖြစ် ပါ တယ် ။ ကျွန်တော်တို့ နိုင်ငံကြီး တိုးတက်ဖို့ ချမ်းသာဖို့ ဆိုရင် လယ်သမားတေရဲ့ ဘဝတေ တိုးတက်လာမှ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံ ထားတဲ့ နိုင်ငံဖြစ် လို့ပါပဲ။

နေထွက်ကနေဝင် တောထဲမှာပဲ လယ်ထွန်ယာ ထွန်ပျိုးနှုတ်ကောက်စိုက် နွားကျောင်းနဲ့ အချိန်ကုန်ကြ ရ ပါတယ်။ ဘဝတေ ဘယ်လောက် ကြမ်းတမ်းပေမယ့် နှလုံးသား လှကြ ပါ တယ် ။ ဟန်မဆောင် တတ်ဘူး ပလီပလာ မချွဲမနွဲ့ တတ်ဘူး။

ရှိတာလေးနဲ့ ရောင်ရဲတင်း တိမ်ပီး ပျော်အောင်နေကြတယ်။ ရိုးသားလှတဲ့ သူတို့ရဲ့ဘဝနေထိုင်မှုစရိုက်ပုံ စံလေးတွေကို ဒီဗွီယို ထဲမှာ မြင်တွေ့ကြ ရမှာပါ။ ပီးခဲ့တဲ့ သီတင်းတစ်ပတ်လောက်ကပဲ ကောက်စိုက် သမလေးတေ လယ်ကန်သင်းပေါ်မှာ အတွင်းကြေ သီချင်းလေးနဲ့ ပျော်နေကြတဲ့ဗွီယိုဖိုင်လေးဟာလည်း အွန်းလိုင်းမှာ နာမည်ကြီးခဲ့ ပါ တယ် ။

အခုလည်း လုံးဝ အုတ်သုံ ဘုတ်ဆုံ အထင်မကြီးဘူးဆိုတဲ့ သီချင်းလေးနဲ့ ကြည့်ရှုသူ တစ်သန်းကျော်ထိ ရှိခဲ့ပါတယ်။ အခုလည်း ဒီဗွီယိုလေးကို ကြည့်ခြင်းအားဖြင့် မိတ်ဆွေလည်း လွတ်လပ်ပေါ့ပါးမှု ရိုးသားမှု ပျော်ရွှင်မှုတေ ရလိမ့်မယ်လို့ ထင်ပါတယ်။တောင်သူ လယ်သမားတေရဲ့ ဘဝကို အားလုံးသိပီး ပျော်ရွှင်မှု ကြည်နူးမှု တွေရအောင် ကျေးဇူးပြုပီး ဒီပို့လေးကို ရှဲပေးဖို့လည်း မေတ္တာ ရပ်ခံ လိုက်ပါ တယ်။

itpoekar,co.th

Leave a Reply

Your email address will not be published. Required fields are marked *