သက်ကြီးရွယ်အိုတွေကို မစွန့်ပစ်ပါနဲ့ ဦးဇင်းဆီမပို့ပေးနိုင်ရင်တောင် ကိုယ်တိုင်လာခေါ်ပြီးကျွေးမွေးစောက်ရှောက်ချင်ပါတယ်ဆိုတဲ့ ဦးဇင်းလေး

သက်ကြီးရွယ်အိုတွေကို မကျွေးနိုင်ရင် လာအပ်လိုက်ပါ ဦးဇင်း လာခေါ်ရမယ်ဆိုလည်းလာခေါ်ပါမယ်။ယနေ့ေ ခတ်မှာ သက်ကြီးရွယ်အိုတွေကို လမ်းဘေးမှာ စွန့်ပစ်သူတွေရှိလာပါတယ်။အကြောင်းအမျိုးမျိုးကြောင့် မကျွေးမွေးမပြုစုနိုင်လို့ ခုလိုစွန့်ပစ်မှုတွေ ဖြစ်လာရတယ်လို့ ဆိုရမှာပါ။

ဒါကြောင့် အဘိုးအဘွားတွေကို မစွန့်ပစ်ဘဲ စောင့်ရှောက်ချင်တယ်ဦးဇင်းတစ်ပါးက ခုလို ပြောပြထားပါတယ်။“အဖိုးအဖွားများကို လမ်းဘေး မစွန့်ကြပါနဲ့ ဦးဇင်းဆီကို လာပို့လှည့်ပါ..ဦးဇင်းလာခေါ်ရမယ်ဆိုလည်းလာခေါ်ပါမယ်။ဦးဇင်း ကျောင်းခွဲတည်လိုက်ခြင်းက အဲဒီလို အဖိုးအဖွားများကို စောင့်ရှောက်ချင်လို့ တည်လိုက်ခြင်းပါ။ဘယ်မှာတွေ့တွေ့ မကျွေးချင်ရင်မပြုစုချင်ရင် လာရောက်ထားနိုင်ပါတယ်

ပေါက်မြို့နယ် ရှားပင်ရေရွာ တောင်ဘက် သာယာအေးဓမ္မရိပ်သာကျောင်း..ဖုန်း=၀၉၂၅၆၁၄၇၅၈၃..ဆိုပြီး လာရောက်ထားနိုင်တဲ့အကြောင်း ဖော်ပြထားတာပါ…ဒါကြောင့် အဘိုးအဘွားတွေကိုလမ်းဘေးမှာ မစွန့်ပစ်ကြပါနဲ့ …ဦးဇင်းဆီ ဆက်သွယ်ပြီး ပို့ပေးနိုင်ပါတယ်နော်…

itpoekar,co.th

Leave a Reply

Your email address will not be published. Required fields are marked *