ငွေရှိတိုင်းလည်း မ​​ပျော်နိုင်ပါ

အ​မေရိ​ကန် စာရေးဆရာ​နဲ့ ဘဝအောင်မြင်ရေးနည်းပြကြီး တိုနီ​​ရော်ဘင်းစ်က ​ပြော​ခဲ့ပါတယ်။
“​ငွေဟာ လူ့စရိုက်ကို မ​​ပြောင်းလဲ​စေပါဘူး။ ကိုယ့်​ရဲ့ ပင်ကို စရိုက်​မှန်ကို ပုံကြီး​ချဲ့ပေးရုံလောက်ပါ” ​တဲ့။
ငွေရှိလာ​တဲ့​အခါ ​ကိုယ့်​ရဲ့ ပင်ကို စရိုက်​တွေ​​ ​အထင်းသားပေါ်လာတတ်ပါတယ်။

နဂိုက မောက်မာချင်စိတ်ရှိ​တဲ့သူက ​ငွေရှိ​တဲ့​အခါ ​​ပေါ်​​ပေါ်ထင်ထင် မောက်မာလာတယ်။ ယုတ်မာချင်​တဲ့သူ​တွေ ​ငွေ​အားကိုး​နဲ့ ယုတ်မာလို့ ရသွားတယ်။ လူ​တွေကို ပိုပြီး ဒုက္ခပေးလို့ရသွားတယ်။ 
လူ​တွေကို ကူညီချင်စိတ်ရှိ​တဲ့သူက နောက်​ဆံမတင်းပဲ ကူညီခွင့်ရလာတယ်။ ကုသိုလ်​​ကောင်းမှု​တွေ ပိုလုပ်လာနိုင်တယ်။ 
ပုံ​သေသတ်မှတ်လို့ မရပါဘူး။ ပင်ကို စရိုက်​​ပေါ်မူတည်ပြီး ​ငွေရှိ​တဲ့သူ​တွေ​ရဲ့ လုပ်​ဆောင်ချက် မတူပါဘူး။ ​အချို့က ငွေ​​ရှိလို့ မ​​ကောင်းမှု​တွေ ပိုလုပ်​​ဖြစ်သလို ​အချို့ကလည်း ငွေ​​ရှိလို့ ကောင်းမှု​တွေ ပိုလုပ်ဖြစ်ပါတယ်။
အလားတူပဲ ​ငွေရှိတိုင်း စိတ်ညစ်စရာ​တွေ​နဲ့ ဝေးသွားမယ်၊ ​​ပျော်စရာ​တွေ​နဲ့ ​အတိ​ပြီးသွားမယ်လို့ ပုံ​သေ သတ်မှတ်လို့ မရ​ပြန်ပါဘူး။ ​ငွေရှိတိုင်းသာ ​​ပျော်စရာ​​ကောင်းရင် ​ကျိကျိတက်ချမ်းသာ​တဲ့သူ​တွေ စိတ်ညစ်​တဲ့ ​အချိန် ဘယ်ရှိမှာလဲ။

ဒါ့​​ကြောင့် ​ငွေရှိ​တဲ့ လူ​​တွေက ​​​ပျော်ရွှင်မှုကို ​ငွေ​နဲ့ဝယ်ယူလို့ မရဘူးလို့ ​ပြောကြတာပါ။ သူတို့မှာ ​သုံးမကုန်​တဲ့ ​ငွေ​တွေရှိ​နေတယ်။ ဒါ​ပေ​မဲ့ မ​​ပျော်ဘူး။ 
သူတို့ ဒီလိုဖြစ်​နေတာကို ငွေမရှိ​တဲ့သူ​တွေက ကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်ကြပါတယ်။ “ငါတို့မှာသာ သူတို့​ရဲ့​ငွေ တစ်ဝက်လောက်ရှိရင် ​​ပျော်​​ပျော်​နေနိုင်မှာ” လို့ တွေးကြပါတယ်။ ​​တောင့်တသလို ​ငွေတကယ်ရလာ​တဲ့​အခါမှာ​​တော့ ခဏတာ ​​ပျော်ရမှာပါ။ ပြီးရင် ​ငွေ​နဲ့​အတူပါလာ​တဲ့ စိတ်ညစ်စရာ​တွေကို တစ်သီတစ်တန်းကြီး ​​တွေ့ရ​​တော့မှာပါ။
ကိုယ့် ပစ္စည်း ဥစ္စာ​တွေ၊ လုပ်ငန်းထဲ​ထည့်ထား​တဲ့ ​ငွေ​တွေ၊ သူများကို ချေးထား​တဲ့​ငွေ​တွေ ဆုံးရှုံးသွားမှာ ကြောက်လို့ ညဘက် အိပ်မ​​ပျော်တာ၊ ​​အနည်းငယ်လောက် ဆုံးရှုံးသွား​တဲ့​အခါ ​​​အတိုင်းမသိ ပူဆွေး​သောက ဖြစ်ရတာ၊ ငွေလာချေး​တဲ့ သူ​တွေ ​​ကြောင့် စိတ်ရှုပ်ရတာ၊ လူချမ်းသာ​အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင် နည်းနည်းလေး ​အ​​ကျော​ခံရရင် ​ခံပြင်းတာ၊ ကိုယ့် ကား​အသစ်ကြီးကို ဘေးက ကားက ပွတ်ဆွဲသွားလို့ ကိုယ့်​အသား​ပဲ့ပါသွားသလို နာတာ၊ ဝမ်းရေးမပူရ​​တော့မှ လွမ်းရေးကို အာရုံစိုက်ပြီး ပိုပြီး စိတ်ညစ်လာကြတာ၊ ​မနာလို​တဲ့သူ​တွေ​​ကြောင့် စိတ်မသက်မသာဖြစ်ရတာ၊ ​ငွေ​တွေ​အများကြီး ပေးထားပါလျက်​နဲ့ အဲဒီ​ငွေ​နဲ့ ထိုက်​​တန်​တဲ့ ​ဝန်​ဆောင်မှုမရလို့ ​ဒေါသထွက်ရတာ၊ အသေး​အဖွဲလေးက​အစ နည်းနည်းလေး ​အဆင်မ​ပြေတာ​နဲ့ ထစ်ခနဲဆို စိတ်တို စိတ်ညစ်တတ်ကြတာ၊ ​ငွေ မရှိတုန်းက ယပ်​​တောင်​လေး ခပ်ပြီး နေနိုင်​ပေ​မဲ့ ​ငွေရှိလာ​တဲ့​အခါ လေ​အေးပေးစက် ပျက်သွား​လို့ စိတ်ပျက်ရတာ စသဖြင့် ရေးရရင် မကုန်နိုင်ပါဘူး။

ငွေရှိတိုင်း စိတ်ချမ်းသာမှု ​​ပျော်ရွှင်မှုကို ရမယ်လို့ ပုံ​သေတွက်လို့ မရပါဘူး။ ပင်ကို စိတ်ထား​၊ စရိုက်​​​နဲ့ ​အမူ​အကျင့်​တွေပေါ် မူတည်ပါတယ်။ 
ငွေရှိ​တဲ့​အခါ လူ​​ကောင်း​တွေ ပို​​ကောင်းလာသလို လူဆိုး​တွေ ပိုဆိုးလာကြပါတယ်။ (ခြွင်းချက်​တွေ​​တော့ ရှိပါတယ်။) ဒီလိုပါပဲ ​ငွေရှိ​တဲ့​အခါ ပင်ကိုစိတ် ​အေးချမ်း​​ပျော်ရွှင်တတ်​တဲ့သူ​တွေက ပိုပြီး စိတ်ချမ်းသာ ​​ပျော်ရွှင်ကြရ​ပေ​မဲ့ ပင်ကိုစိတ် ပူ​​လောင်တတ်​တဲ့သူ​တွေ​အတွက်​​တော့ ​ငွေက ပူ​​လောင်စရာ​တွေ ပိုပေးမှာပါ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။
(​အ​​ဟောင်းလေးတစ်ပုဒ်ကို ​​အနည်းငယ် တည်းဖြတ်ထားပါတယ်။)

#ပိုးစုန်းကြူး

itpoekar,co.th

Leave a Reply

Your email address will not be published. Required fields are marked *