ကမ္ဘာပေါ်က ဗုဒ္ဓဘာသာဝင် အများဆုံး ၁၀ နိုင်ငံ

ကမ္ဘာပေါ်မှာ ဘာသာကြီးလေးဘာသာ ရှိတဲ့အနက် ဗုဒ္ဓဘာသာဟာ ၄ခုမြောက် ကိုးကွယ်သူလူဦးရေ အများဆုံး ဘာသာဖြစ်ပါတယ်။ ကိုးကွယ်သူလူဦးရေအားဖြင့်တော့ သန်းပေါင်း ၅၈၀ ရှိကာ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၇% ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာကိုပဲ မဟာယာနဗုဒ္ဓဘာသာ ၊ ဝဇီရယာန ဗုဒ္ဓဘာသာ ၊ ထေရဝါရဗုဒ္ဓ ဆိုပြီး အဓိက ၃ မျိုးရှိပါတယ်။ တိဘက်ဗုဒ္ဓဘာသာဖြစ်တဲ့… Read more “ကမ္ဘာပေါ်က ဗုဒ္ဓဘာသာဝင် အများဆုံး ၁၀ နိုင်ငံ”

သူတို့လေး တွေ ရဲ့အကာအကွယ်မဲ့နေတဲ့ ဘဝတွေ

ပြီးခဲ့တဲ့တစ်ပတ်က မွန်ပြည်နယ်၊ သိမ်ဇရပ်မှာ လုပ်တဲ့ “သက်ငယ်မုဒိမ်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးတုံ့ပြန်ရေး”ပွဲလေးမှာ ဟောပြောဖြစ်ခဲ့တယ်။ အဲဒီက သီရိမြန်မာ ဆိုတဲ့ အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ရဲ့ ဖိတ်ကြားမှုနဲ့ပါ။ ပြောနေကျ ခေါင်းစဉ်ဖြစ်တဲ့ သက်ငယ်မုဒိမ်းမှု ကာကွယ်တုံ့ပြန်ရေးမှာ လူထုက ဘယ်လိုပါဝင်ကြမလဲ ဆိုတာကိုပဲ ပြောဖြစ်ခဲ့တယ်။ ဘာလို့ဆိုတော့ နိုင်ငံတစ်နိုင်ငံမှာ အစိုးရရဲ့ ဦးဆောင်မှုဟာ… Read more “သူတို့လေး တွေ ရဲ့အကာအကွယ်မဲ့နေတဲ့ ဘဝတွေ”

#ဂ်က္မားဆိုတာ_ဘယ္လိုလူလဲ

ကျွန်တော်တို့ မြန်မာပြည်ဟာ အခွင့်အလမ်းတွေပွင့်လမ်းလာတာ ၅နှစ်ကျော် ၆နှစ်ထဲဝင်လာနေပါပြီ။ FDI တွေကလဲ မမြဲမပျက်ဝင်လာပြီး ကျွန်တော်တို့လိုလူငယ်တွေအတွက် အလုပ်အကိုင်တွေ၊ အတွေ့အကြုံ အခွင့်အလမ်းတွေ အများကြီးပေါ်ထွက်လာနေပါတယ်။ ဒါပေမယ့် လူအများစုကိုတွေ့ရတာ ဧည့်ကြိုလုပ်၊ စားပွဲထိုးလုပ်၊ လုံခြုံရေး၊ တံခါးဖွင့်၊ ပန်းရံ၊ လက်သမား၊ ကားမောင်းပြီးတော်ရုံ လစာကောင်းကောင်းလေးရရင် ကျေနပ်တယ်ဆိုတဲ့ လူတွေပဲ တော်တေ်ာများများတွေ့နေရပါတယ်။ သူတို့လက်ရှိဘဝလေးကိုကျေနပ်နေကြပြီး… Read more “#ဂ်က္မားဆိုတာ_ဘယ္လိုလူလဲ”

ကုဋေရှစ်ဆယ် သူဌေးလောင်းများဖတ်ရန်

ကျွနု်ပ်တွေ့မြင်နေကျဖြစ်တဲ့ကျွနု်ပ်အိမ်နဲ့ ဘေးချင်းကပ်ရက်အိမ်လေးအကြောင်း ပထမဆုံးအိမ်ကတော့ ထမင်း၊ ဟင်း စားစရာချက်ပြုတ် ရောင်းပါတယ်။ အဲ့ဒီအိမ်နဲ့ကပ်ရက်နောက်တအိမ်ကတော့ ဗွီဒီယိုအခွေအငှားဆိုင် ဖွင့်ထားပါတယ်။ ထမင်း၊ ဟင်း ရောင်းတဲ့ဆိုင်မှာ ကလေးတယောက်ရှိသလို ဗွီဒီယိုအခွေအငှားဆိုင်မှာလည်း ရွယ်တူကလေးရှိပါတယ်။ကျောင်းဆင်းလာချိန်ဆို ထမင်းဆိုင်က ကလေးကတော့ည ၉ နာရီ အထိအမေကို လာကူရောင်း ပန်းကန်သိမ်း၊ ဧည့်သည်တွေကို စားစရာများ နေ့တိုင်း ကူချပေးပါတယ်။… Read more “ကုဋေရှစ်ဆယ် သူဌေးလောင်းများဖတ်ရန်”

သင့်ကို အမြန်ဆုံး ဆင်းရဲစေနိုင်တဲ့ အမူအကျင့် (၅)မျိုး

ချမ်းသာမယ့် နည်းလမ်းဆိုတာ ရှိသလို၊ ဆင်းရဲမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။ ချမ်းသာမယ့်နည်းလမ်းကို မသိသေးသူတွေက ဆင်းရဲစေမယ့် နည်းလမ်းတွေကို ရအောင်ရှောင်ရှားလိုက်တာနဲ့ ချမ်းသာမယ့်နည်းလမ်းကို တစ်ဖက်ကနေ ပြန်လည်ကျင့်သုံးရာ ရောက်စေမှာပါ။ အခုဖော်ပြပေးမှာကတော့ သင့်ကို အမြန်ဆုံး ဆင်းရဲစေနိုင်တဲ့ အမူအကျင့်(၁၀)မျိုး ဖြစ်ပါတယ်။ ရှောင်ရှားကြပါ။ (၁) ကိုယ်ရှာနိုင်တာထက် ပိုသုံးရင် တစ်ချို့တွေက အသုံးနဲ့အဖြုန်း… Read more “သင့်ကို အမြန်ဆုံး ဆင်းရဲစေနိုင်တဲ့ အမူအကျင့် (၅)မျိုး”

သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်

သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအဝိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ်… Read more “သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်”

လောကမှာဘယ်အရာမှ အကြောင်းမဲ့မဖြစ်ပါ

ဟိုတစ်ရက်က Shopping Center ကြီးတစ်ခုကို သွားဖြစ်ပါတယ်။ လက်ဆောင်ပေးစရာရှိလို့ အမျိုးသမီးလက်ကိုင်အိတ် ပေးရင်ကောင်းမလား ဆိုပြီး သွားကြည့်တာပါ။ အောက်ဆုံးထပ်မှာ ရှိတဲ့ အကောင်းစားဆိုင်နှစ်ဆိုင် ဘယ်လိုကွာခြားတယ်ဆိုတာလေး ပြောပြချင်ပါတယ်။ ပထမဆိုင်ကို ဝင်သွားပါတယ်။ အမှန်ပြောရရင် အမျိုးသမီးလက်ကိုင်အိတ် ဆိုတာ ကျွန်တော်နဲ့ မရင်းနှီးပါဘူး။ နာမည်ကြီး Brand တချို့လောက်သာ သိပြီး ဘယ်ဟာ… Read more “လောကမှာဘယ်အရာမှ အကြောင်းမဲ့မဖြစ်ပါ”

အဓမ္မကျင့်ခံရသူတစ်ယောက်အတွက် လိုအပ်ချက်များ

၁။ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ဆိုတာ ဘာလဲ Sexual assault ဆိုတာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး အလိုမတူဘဲ ကိုင်တွယ်ခြင်း၊ အကြမ်းဖက်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်မှုကတော့ ဒီခေါင်းစဉ်အောက်မှာ အကြုံးဝင်တဲ့ကိစ္စတစ်ခု ဖြစ်ပြီးတော့ မိန်းမကိုယ် သို့မဟုတ် စအိုထဲကို လိင်အင်္ဂါ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု (ဥပမာ လက်ချောင်း)၊ ပြင်ပပစ္စည်းတခုခု အလိုမတူဘဲ… Read more “အဓမ္မကျင့်ခံရသူတစ်ယောက်အတွက် လိုအပ်ချက်များ”

အိမ်တွေမှာ အိမ်စောင့်နတ် တကယ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပါချုပ်ဆရာတော်ဘုရားကြီး ဖြေကြားပုံ

ဒေဝတာနံ ကိုယ်မမြင်ရပေမယ့်လို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အိမ်စောင့်နတ်တို့၊ တောစောင့်နတ်တို့၊ တောင်စောင့်နတ်တို့ ဆိုတာ ရှိတယ်။ စောင့်ဆိုတဲ့အဓိပ္ပါယ်က Duty ချထားလို့ စောင့်တာတော့ မဟုတ်ဘူး။ ကိုယ့်အိမ်ကို အမှီပြုပြီးဖြစ်နေတဲ့ နတ်ကို အိမ်စောင့်နတ်လို့ ခေါ်တာနော်။ အေး… အိမ်ကိုစောင့်ရမယ်လို့ တာဝန်ပေးထားတာလို့တော့ မအောက်မေ့လေနဲ့။ ကိုယ်စောင့်နတ်ဆိုတာလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါတစ်မျိုးပဲ။… Read more “အိမ်တွေမှာ အိမ်စောင့်နတ် တကယ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပါချုပ်ဆရာတော်ဘုရားကြီး ဖြေကြားပုံ”